Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု တစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄  ရက်မှ ၃၀ ရက်နေ့အတွင်း ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန် ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ နှမ်းနက်၊ ကြံ၊ ဆန်၊ ပြောင်း၊ ပိုးလုံးအိမ် (DRIED COCOON)၊ ပဲယင်း၊ ပဲတီစိမ်း၊ ‌ဖရဲသီး၊ ရွှေဖရုံသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၄၈၉၀၈၅၇ ဒသမ ၂၅ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ဒီဇင်ဘာလ ၁၇ ရက်မှ ၂၃ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏမှာ ၅၀၇၀၃၇၀ ဒဿမ ၃၁ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၁၇၉၅၁၃ ဒဿမ ၀၆ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ဒီဇင်ဘာလ ၂၄ ရက်မှ ၃၀ ရက်နေ့ အတွင်း ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်နှင့်စက်ပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ချည်ထည်များ၊ လယ်ထွန်စက်များ၊ ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ဓါတ်မြေဩဇာများ၊ ဒီဇယ်အင်ဂျင်၊ ရာဘာပိုက်၊ သံပိုက်၊  မြက်ခင်းတု၊ Empty Cargo Container 45’ Feetနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏမှာ ၈၁၁၉၂၈ ဒဿမ ၁၅၅ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ဒီဇင်ဘာလ ၁၇ ရက်မှ ၂၃ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏ ၇၈၀၂၅၀ ဒဿမ ၅ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၁၆၇၇ ဒဿမ ၆၅၅ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကိုတွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏ မှာ ၄၀၇၈၉၂၉ ဒဿမ ၀၉၅ ကန်ဒေါ်လာ ပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများ အရတွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၂၉ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀ ဒဿမ ၉၅ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News